Thursday, January 19, 2012

အဆုံးအမ သြဝါဒများ

တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး၏
သြဝါဒကထာ 
++++++++
တရားဟောလိုသော်
ဓမ္မကထာနှင့် ပတ်သက်လာလျှင်၊ လူကြိုက်ကိုမငဲ့ပါနှင့်။
လူကျိုးကို ငဲ့ကြပါ။
-------------------------------------------
သူများအကျိုး ပျက်စီးရာကို ဘယ်သောအခါမှ
မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်၊
ကြမ်းတမ်းသောစကားကို မဆိုနှင့်၊
မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်။
အကောင်းကြံ၊ အမှန်လုပ်၊ အဟုတ်ပြော၊
ယခုလက်ရှိအချိန်ထက်
ကောင်းသောအချိန်မရှိ၊
လက်ရှိအချိန်ကို နိဗ္ဗာန်အထိ
အကျိုးရှိအောင်သုံးပါ။

ပတ်ဝင်းကျင်နှင့်ထိတွေ့သောအခါ
၁။ တတ်နိုင်ရင် အများအကျိုး၊ ကိုယ့်အကျိုး
နှစ်မျိုးလုံးကို ဆောင်ရွတ်ပါ။
၂။ မတတ်နိုင်ရင်တော့
ကိုယ့်အကျိုးအတွက်
ပြီးမြောက်အောင်လုပ်ပါ။
၃။ နှစ်မျိုးလုံး မတတ်နိုင်ရင
မိမိကိုယ်ကိုယ် မကောင်းတဲ့အလုပ်၊
အပြော၊ အတွေးမှရှောင်ကြဉ်ပါ။
အနေကောင်း အသေကောင်းနည်း
ကိစ္စမများ၊ စကားနည်းစေ
အိပ်နေမှုနည်း၊ ကိုယ်တည်းပျှော်လေ။
ရောနှောမှုကင်း၊ ချဲ့ခြင်းရှောင်လေ။
အနေကောင်း အကြောင်းဂုဏ်ခြောက်ထွေ၊
အသေကောင်း အကြောင်ဂုဏ်ခြောက်ထွေ။

စာနာခြင်းအလှ
သူ့ကိုချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏။
သူ့ကိုယ်ဂုဏ်နိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏။
စည်းစိမ်းအရာ၊ သူ့ချမ်းသာ၌၊
ဣဿာမပြု၊ ဝမ်းမြောက်ရှုလော့။
သူ့ကိုစောင့်မှ၊ သူကကိုယ်ကို၊
ကြည်ညိုမေတ္တာ၊ စောင့်နိုင်ရာ၏။
မဃဒေဝလင်္ကာ
ရွှေကျင်ဆရာတော်၏
သြဝါဒ
-------
တုံးတံတားလျှောက်စဉ်၊
အရပ်တစ်ပါးကို မကြည့်နှင့်
ချောက်ထဲ ကျလိမ့်မည်။
သံသရာတံတား လျှောက်စဉ်၊
သူတစ်ပါးအပြစ်ကို မကြည့်နှင့်၊
အပါယ်လေးပါး ချောက်ထဲသို့
ကျလိမ့်မည်။

ဗုဒ္ဓအဆုံးအမ

အတ္တာနမေဝ ပထမံ၊ ပတိရူပေ နိဝေသယေ။

အထညမနုသာသေယျ၊ န ကိလိေဿယျ ပဏ္ဍိတော။

ရှေးဦးစွာသာလျှင် မိမိကိုယ်ကို

သင့်လျှော်သောအကျင့်၌ တည်စေရာ၏။

ထိုနောက်မှ သူတစ်ပါးကို ဆုံးမရာ၏၊

ပညာရှိသည် သူတစ်ပါး ကဲ့ရဲ့ခြင်းဖြင့်

မညစ်နွမ်းစေရာ။

ဓမ္မပဒ၊ အတ္တဝဂ်။

ပုံသေကားကျ

ကလျာဏ ကာရီ ကလျာဏံ

ပါပကာရီ စ ပါပကံ။

ကောင်းသော ကိုယ် နှုတ် စိတ် အမူအရာဖြင့်

ပြုလုပ် ပြောဆို ကြံစည်သောသူသည်

ကောင်းကျိုး ချမ်းသာသုခကို ရရှိ သုံးဆောင်ခံစားရ၏။

မကောင်းသော ကိုယ် နှုတ် စိတ် အမူအရာဖြင့်

ပြုလုပ် ပြောဆို ကြံစည်သော သူသည် မကောင်းကျိုး

ဆင်းရဲ ဒုက္ခကို ရရှိသုံးဆောင် ခံစားရ၏။

(ဇာတက-ပါ-ပအုပ်၊ ပဉ္စကနိပါတ်၊ မဏိကုဏ္ဍလဝဂ်)
အောင်ပွဲစတဲ့နေ့
-------
ကိုယ့်အမှား သိတဲ့နေ့ဟာ
တိုးတက်ကြီးပွားဖို့
စတဲ့နေ့ပဲ။
ပထမလယ်တီဆရာတော်ကြီး
အဆင့်မြင့်တရားများ
ဘဝအဆင့်အတန်းမြင့်ချင်ရင် ဗုဒ္ဓတရားကို ကျင့်သုံးပါ
ကိုယ် နှုတ် ယဉ်ကျေးသူအဖြစ်နဲ့ ဘဝအဆင့်အတန်း မြင့်ချင်ရင် သီလကို ကျင့်ပါ။
စိတ် ယဉ်ကျေးသူအဖြစ်နဲ့ ဘဝအဆင့်အတန်း မြင့်ချင်ရင် သမာဓိကို ကျင့်ပါ။
စိတ်ဓာတ်ဖွံ့ဖြိုါ် အသိဉာဏ် တိုးသူ အဖြစ်နဲ့ ဘဝ အဆင့်အတန်းမြင့်ချင်ရင် ပညာအကျင့်ကို ကျင့်ပါ။
ရွှေတောင်ကုန်းဆရာတော်

Team Viewer မသုံးပဲ အင်တာနက်မှတဆင့်အခြားကွန်ပျူတာကိုပြုပြင်ခြင်း

ကျနော်Window 7 မှာပါတဲ့ Tools လေးတစ်ခု အသုံးပြုပုံလေး တင်ပြချင်ပါတယ်...Team viewer တို့လို အသုံးပြုနိုင်တဲ့ Tools လေးပါ.. မိမိစက်ကနေ အွန်လိုင်းမှတစ်ဆင့် တစ်ခြားတစ်ယောက်ရဲ့ ကွန်ပျူတာကို ၀င်ကြည့်တာတို့ လိုအပ်တာလေးတွေ လုပ်ပေးလို့ရတဲ့ Toolsလေးပါ...WINDOW TOOLS လေးတွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် စိတ်ဝင်စားဖို့ကောင်းမှာပါ...အောက်မှာလုပ်ပုံ လုပ်နည်းလေးတွေ ကြည့်လိုက်ပါဦး.....

လုပ်နည်း

အကြည့်ခံရမည့်သူ လုပ်ဆောင်ရမည့်အပိုင်း

၁။ START >> WINDOW REMOTE ASSISTANCE လို့ရိုက်လိုက်ပါ....

၂။ BOX လေးတစ်ခု ကျလာပါလိမ့်မယ်...ကျလာတဲ့ BOX လေးထဲမှာ အနီရောင်ဝိုင်းပြထားတဲ့ ကောင်လေးကို CLICK နှိပ်ပြီးဝင်လိုက်ပါ..

၃။ ပုံမှာပြထားတဲ့ အတိုင်း အနီရောင်ဝိုင်းပြထားတဲ့ BOX လေးကိုနှိပ်ပြီး ရလာတဲ့ ဖိုင်လေးကို DESKTOP မှာ SAVE ထားလိုက်ပါ...

၎။ SAVE လိုက်တာနဲ့ PASSWORD ပေးတဲ့ BOX လေးပါ။ တစ်ခါတည်း ကျလာမှာဖြစ်ပါတယ်...(BOX ကိုမပိတ်လိုက်ပါနှင့်...)

၅။ ရလာသည့် FILE နဲ့ PSSWORD ကို ကြည့်မည့်သူ ဆီသို့ G-TALK မှတစ်ဆင့် ပို့ပေးလိုက်ပါ...

ကည့်မည့်သူအပိုင်း

၁။ ကြည့်ခံရမည့်သူ ပို့လာတဲ့ ဖိုင်ကိုဖွင့် ပြီး ပေးထားတဲ့ PASSWORD ကို BOX ထဲမှာ ထည့်လိုက်ပါ..
၂။ ကြည့်လို့ ပြုပြင်လို့ရသွားပါပြီ...ဒီနေရာမှ ပြန်လည်မျှဝေထားပါတယ်..

Gtalk Account အမည်များ မကျန်ခဲစေလို့လျင်................

 ၁)ကိုယ်သုံးနေတဲ့  Gtalk  account  ကိုအရင်ပိတ်လိုက်ပါ။

၂) Start မှ Run box ကို ဖွင့်ပြီး regedit ကို ရိုက်ထည့် ဖွင့်ရန်။ 

၃) HKEY CURRENT USER မှ Software မှ Google မှ Google Talk မှ Accounts ကို နှိပ်ပါ။

၎) ညာဘက်တွင် o ကို ဖွင့်ပါ။ Gtalk Account များ တွေ့ပါက ဖျက်ပါ။

၅) ဘယ်ဘက်ရှိ Account အောက်က Gtalk Name များကို Delete လုပ်ပါ။

၆) Gtalk  ကိုပြန်ကလစ်ကြည့်လိုက်  အဆင်ပြေသွားပါလိမ့်မယ်။

အွန်လိုင်းမှာလူ ရှိ/မရှိ ကြည့်ကြရအောင်ဗျာ..

၁) http://www.google.com/talk/service/badge/New ကို ဖွင့်ပါ။

၂) Gmail account နှင့် Sign in ၀င်ပါ။ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။

၃) အောက်ဆုံးတွင် ကုဒ်များရှိပါတယ်။ ကော်ပီကူးပီ မိမိတို့ရဲ့ ဘလော့ HTML မှာ ထည့်လိုက်ရင် အိုကေမှာပါ။

ကိုယ်သုံးနေတဲ့ HAND PHONE ဘယ်နိုင်ငံက ထုတ်သလဲ ကြည့်ကြရအောင်

  သိပြီးသူများတော့  ဆောရီးပါ    နည်းပညာရှယ်တာပါဗျာ...
၁။*#06#  ကိုနှိပ်လိုက်ပါ  (IMEI)  code  တွေပေါ်လာပါလိမ့်မယ်။အလယ်နားလောက်ကပြထားတဲ့ဂဏန်း
ဥပမာ  -  xxxxxx??xxxxxxx    ၇  လုံးမြောကိ၈လုံးမြောက်က  စာလုံးက
02  သို့မဟုတ်20  ဆိုရင်  emirate   ထုတ်  Quality  သိပ်မကောင်းပါဘူး။
08  သို့်80  ဆိုရင် Garmanyထုတ်Qualityသိပ်မညံ့ပါဘူး။
01 သို့်10  ဆိုရင် Finlandထုတ်Quality ကောင်းတယ်။
00 ဆိုရင်Qualityအကောင်းဆုံပါ။
13  ဆိုရင် Azerbaijanထုတ်Qualityညံ့တယ်။
30 ဆိုရင်Koreaထုတ်Qualityသိပ်မညံ့ပါဘူး။
40  ဆိုရင်တရုတ်ထုတ်Qualityညံ့တယ်။
50  ဆိုရင် USA,Brazil,Finlandထုတ်Qualityကောင်းတယ်။
60  ဆိုရင်HK,China,Maxicoထုတ်ပါ။
မှတ်ချက်။   ။ဘယ်ဖုန်းမဆို  International  Mobile Equipment  Identity(IMEI)code ကိုကြည့်လို့ရတယ်
ကြည့်နည်းကတော့အတူတူပါပဲဗျာ...                                             

Wednesday, September 28, 2011

Photo Frame Master

                             Photo Frame Master 1.3.0 | 22.87 MB
ဒီစော့ဝဲကတော့ ဓါတ်ပုံတွေကို အလှဘောင်တွေ အသုံးပြုပြီး အလှဆင်ချင်တဲ့သူတွေ အတွက် အသုံးဝင်တဲ့ စော့ဝဲပဲ ဖြစ်ပါတယ်....ဓါတ်ပုံကို မိမိစိတ်ကြိုက် အလင်းအမှောင်တွေကိုပါ ညှိပေးနိုင်တဲ့ အပြင် clip object တွေကိုပါ ဖြည့်စွက်အလှဆင်နိုင်ပါတယ်....အသုံးပြုနိုင်မှု အသေးစိတ်ကိုတော့ မူရင်းWebsite မှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်...စိတ်ကြိုက်အသုံးပြုနိုင်အောင် Serial Key ပါ ထည့်သွင်းပေးထားပါတယ်...စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်...